မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌၊ မြို့နယ်သံဃနာယကမှ  ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို  စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်၊ ဆင်ဖြူကျွန်း အခြေခံပညာအထက်တန်းကျောင်းတို့တွင်  ယနေ့ဇွန်လ(၄)ရက် မွန်းတည့်(၁၂)နာရီအချိန်က ရဟန်းသံဃာ၊ သာမဏေ သီလရှင်ဆရာလေး  စုစုပေါင်း(၁၅၈)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေး လှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက ထုံးတောင်၊ သဲတော၊ သဲဖြူ၊ သီးကုံးနှင့် စမ်းအိုင့်ကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများ ပြန်လည်ဖြေဆို

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ခေတ္တရပ်နားထားသည့် အစိုးဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပမထမြန် စာမေးပွဲများကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်​​မောင်းတိုင် (၁) ရပ်ကွက်ရှိ သာသ့နာဗိမာန်တော် ခန်းမကြီး၌ ဇွန်လ (၂) ရက်နေ့မှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း မိုးရာသီကာလ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ယမန်နေ့က ဝန်ထမ်းများ စုပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ရေဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ ဒက္ခိဏစျေးအတွင်း၊ အပြင်တို့၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မိုမိုဇင်နှင့် ဝန်ထမ်းများက စျေးရောင်း၊ စျေးဝယ် ဒေသခံပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အဖွဲ့များက မင်းလှအခြေခံပညာကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စမ်းသပ် စစ်ဆေးကုသပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများအား အမည်စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးတိုးစစ်ဆေးပေးခြင်းနှင့် နှလုံးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့ နံနက် (၉) နာရီက ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ သမိုင်းဝင် ရှေးဟောင်းရွှေဘုံသာမိုးကောင်းစေတီတော် ဘုရားကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ရှေးဟောင်းရွှေဘုံသာ မိုးကောင်း စေတီတော်ဘုရားကြီးတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့ပေါ်ရှိ ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး