ဆိပ်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာ ပြည်သူများထောက်ပံ့ငွေပေးခြင်း အကြောင်းအရာများအား ရှင်းလင်းပြောကြားပေးကြပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် တစ်လ (၂၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးအတွက် (၄၀၀၀၀) ကျပ်နှုန်းဖြင့် (၃၃၆၈) ဦးအတွက် ထောက်ပံငွေများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)