သရက်မြို့၌ သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေးအသိပညာပေး၊ ရေဘေးအသိပညာပေး လှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက ထုံးတောင်၊ သဲတော၊ သဲဖြူ၊ သီးကုံးနှင့် စမ်းအိုင့်ကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့် အချက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချန်တွင် ရှောင်ရှားသင့်သည့်အချက်များ စသည်တို့ကို နှိုးဆော်ခဲ့ပြီး ရေဘေး အသိပညာပေး လက်ကမ်းစာစောင်များအား ကျေးရွာနေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)