စလင်း ဇွန် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌၊ မြို့နယ်သံဃနာယကမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်၊ ဆင်ဖြူကျွန်း အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့ဇွန်လ(၄)ရက် မွန်းတည့်(၁၂)နာရီအချိန်က ရဟန်းသံဃာ၊ သာမဏေ သီလရှင်ဆရာလေး စုစုပေါင်း(၁၅၈)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာဖြေသံဃာများနှင့် သီလရှင်ဆရာလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စျေးမရပ်ကွက် မြတ်ရတနာဓမ္မာရုံကြီးအတွင်း၌ စေတနာရှင်အလှူရှင်များ တာဝန်ရှိသူများက နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ပါဠိပထမပြန်စာမေးပွဲကျင်းပရာ စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆင်ဖြူကျွန်း အခြေခံပညာအထက်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်း ပါဠိပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိရာ စာရင်းရှိ စာဖြေသံဃာနှင့် သီလရှင်ဆရာလေး(၁၇၈)ပါး၊ ဖြေဆိုရဟန်းသံဃာနှင့် သီလရှင်ဆရာလေး(၁၅၈)ပါး ပျက်ကွက်(၁၄)ပါးရှိပြီး၊ စာမေးပွဲအား မွန်းတည့်(၁၂)နာရီမှ နေ့လယ်(၃)နာရီအချိန်အထိ ယနေ့ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ကြောင်းကို မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းအောင်ထံမှ သိရသည်။
မောင်လွင်(စလင်း)