တောင်တွင်းကြီးမြို့နယ်၌ ရေဘေးပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်တွင်းကြီး ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ ဒက္ခိဏစျေးအတွင်း၊ အပြင်တို့၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မိုမိုဇင်နှင့် ဝန်ထမ်းများက စျေးရောင်း၊ စျေးဝယ် ဒေသခံပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက်ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ စသည့် အချက်များ ပါရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)