နတ်မောက် ဇွန် ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများအား အမည်စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးတိုးစစ်ဆေးပေးခြင်းနှင့် နှလုံးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း