နတ်မောက်မြို့ သမိုင်းဝင် ရှေးဟောင်းရွှေဘုံသာမိုးကောင်းစေတီတော် ဘုရားကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

နတ်မောက် ဇွန် ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ရှေးဟောင်းရွှေဘုံသာ မိုးကောင်း စေတီတော်ဘုရားကြီးတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့ပေါ်ရှိ ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကန်ကြီးရပ်ကွက်ရှိ သံဃာ့နာယကအဖွဲ့မှ ဦးဆောင်၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ပင့်ဖိတ်ပြီး ဆရာတော်ကြီးများနှင့် သံဃာတော်အပါး(၁၅၀)ပါးအား မြို့ပေါ်ရှိရပ်ကွက် နေပြည်သူများက ဆန်၊ ကြက်သွန်၊ အချိုရည်၊ ဆေးပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

လှဝင်း