တောင်တွင်းကြီး ဇွန် ၄
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ခေတ္တရပ်နားထားသည့် အစိုးဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပမထမြန် စာမေးပွဲများကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်မောင်းတိုင် (၁) ရပ်ကွက်ရှိ သာသ့နာဗိမာန်တော် ခန်းမကြီး၌ ဇွန်လ (၂) ရက်နေ့မှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ စာဖြေသံဃာတော် (၁၅)ပါးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော် (၁၂)ပါးရှိပြီး ဒုတိယနေ့အဖြစ် ဓမ္မသင်္ဂဏီပါဠိ အဌကထာ ၁)ဘာသာရပ်အား ဖြေဆိုလျက်ရှိသည်။
သံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် သက်ဆိုင်ရာမြို့နယ်အဖွဲ့ သံဃာနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)