မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးတင့်လွင် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက်
မီးသတ်ဦးစီးဌာနမှကျင်းပသည့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန်က We Love Magway အနီး ညဈေးတန်းတွင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။