မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသားလူငယ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျောင်းအားကစားကွင်း၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံစုပေါင်းရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြင့်မြတ်တော်ဝင်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များနှင့် လေ့လာရန်လာရောက်သည့် နေပြည်တော်ဒေသမှ တောင်သူများ၊ နှမ်းသီးနှံရောင်းချမည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် အစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သွေ့ကျောက်ကျေးရွာနှင့် ပနီဆုံကျေးရွာများမှ အစားထိုးသီးနှံ စိုက်ပျိုးမည့်တောင်သူများအား ပျိုးပင်များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အဟာရကျွေးခြင်း ဆောင်ရွက်

၂၀၂၄-၂၀၂၅ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အာဟာရကျွေးခြင်းကို ဩဂုတ်လ (၁၃)ရက်နေ့တွင် က.ပ.စ(၂၀) အခြေခံပညာအလယ်တန်းကျောနင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မြို့သစ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

မင်းလှမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး(၄၇၇၁၅)ဧက လျာထားပြီး (၃၆၀၀၉)ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြိုနယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်းမျိုးသန့်များ ထွက်ရှိစေရန်နှင့် စားနပ်ရိက္ခာ ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး(၄၇၇၁၅)ဧကအားလျာထားခဲ့ရာ ယနေ့သြဂုတ်လ(၁၃)ရက်နေ့အထိ မိုးစပါး(၃၆၀၀၉)ဧကကို စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး