မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား/သူများအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်မှ ဒေသထွက် ငရုပ်သီးစိမ်းများ စျေးကောင်းရရှိ၍ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ငရုပ်သီးစိမ်းစျေးကောင်းရ၍ ငရုပ်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာ(အ.လ.က-ခွဲ)တွင် လူငယ်ရေးရာနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်ရေးရာနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပေါင်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် မြစ်ရေများစတင် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါတွင် ၂၀၂၅ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အမှတ် (၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူ အသင်းများပါဝင်သည့် ၂၀၂၅ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ဇူလိုင်လ (၁၁) ရက်နေ့ ညနေ ၃နာရီခွဲအချိန်မှစတင်၍ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍  ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူပညာရေးဒီဂရီကာလိပ်ရှိ အုတ်တံတိုင်းဟောင်းပြိုလဲပျက်စီး၊ ပြည်သူတစ်ချို့ ဘေးလွတ်ရာသို့ပြောင်းရွှေ့

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယမန်နေ့ည‌နေ ၆ နာရီအချိန်ခန့်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်အရှေ့ဘက်ခြမ်း(အားကစားရုံနှင့်ဝန်ထမ်းအိမ်ရာဘက်)ရှိ ၁၉၈၅ခုနှစ်က ဆောက်လုပ်ထားသည့် အလျား ၁၀ ပေ၊ အနံ ၉ ပေရှိ အုတ်တံတိုင်းဟောင်းပြိုကျပျက်စီးသည့်အပြင်  ဆင်ပေါက်လှချောင်းရေကျဆင်းလာခြင်းကြာင့် အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်ရှိ အိမ်ထောင်စု ၂၇ စု၊ ပြည်သူလူဦးရေ ၁၀၈ ဦး ရေဘေးလွတ်ရာ ခုနစ်အိမ်တန်းဓမ္မာရုံသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင်  ရာသီမရွေးအောင်မြင်ဖြစ်ထွန်းသည့် ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီမရွေးအောင်မြင်ဖြစ်ထွန်းသည့် ရုံးပတီသီးများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မင်းတုန်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကော်ဖီပျိုးပင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဒေသတွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း Bakery & Sanck မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲအချိန်က ရွှေရောင်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့တွင်း လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ချောင်ကူးတံတားသစ်တည်ဆောင်ခြင်းလုပ်ငန်းများများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက် ရတနာလမ်းသွယ်(၂)၌ လမ်းအဆင့်မြှင့်တင်ခြင်း ကွန်းကရစ်လမ်းနှင့် ချောင်းကူးတံတားလုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကော်မတီတာဝန်ရှိသူများက ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to မကွေးတိုင်းဒေသကြီး