စေတုတ္တရာမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြာပြီး၊ လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှုဖြစ်ပွားစေတတ်သော အဓိကအကြောင်းများ၊ စေတုတ္တရာမြို့နယ်ရဲ့တပ်ဖွဲ့မှ ဒုရဲအုပ်ဝေဖြိုးခိုင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှု၏ လုပ်ငန်းစဉ်(၃)ရပ်၊ မြို့နယ်ဥပ‌ဒေရုံးမှ ဥပဒေအရာရှိ ဦးထက်ဖြိုးဝေက လူကုန်ကူးမှုကျူးလွန်သူများအား ချမှတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးရဲထွန်းက လူကုန်ကူးသူများအသုံးပြုသော နည်းလမ်းများ၊‌ လူကုန်ကူးမှုမခံရစေရေး သတိပြုလိုက်နာရမည့်အချက်များအား ကျောင်းသားလူငယ်များ သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဆန်းကိုကို(ပြန်/ဆက်)