အထက်မင်းလှ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် KG နှင့် Grade-1 ကျောင်းသား/ ကျောင်းသူ(၄၇၀)ဦးအား ထမင်း၊ ကုလားပဲနှပ်၊ ဖရုံသီးနှပ်၊ ကြက်ဥအချဉ်ဟင်း စသည်တို့အား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်း အာဟာရကျွေးမွေးနေမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်းနှင့် အခြားကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)