စေတုတ္တရာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အဟာရကျွေးခြင်း ဆောင်ရွက်

စေတုတ္တရာ ဩဂုတ် ၁၃

၂၀၂၄-၂၀၂၅ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ရက်သတ္တပတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အာဟာရကျွေးခြင်းကို ဩဂုတ်လ (၁၃)ရက်နေ့တွင် က.ပ.စ(၂၀) အခြေခံပညာအလယ်တန်းကျောနင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို အခြေခံပညာကျောင်းများဖြစ်သည့် က.ပ.စ(၂၀) အခြေခံပညာအလယ်တန်းကျောင်း စေတုတ္တရာမြို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးကိုကိုဇင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးမှူး  ဆရာမများ၊ တာဝန်ကျ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ ခြေသည်း၊ လက်သည်း၊ သွားကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးတို့ကို စစ်ဆေးပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး စသည့်ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)