မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ စတင် ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအပိုင်း (၂)ကို စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ စတင်မဲပေးလျက်ရှိသည်။

မင်းလှမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) တွင် မဲဆန္ဒရှင်ပြည်များ စနစ်တကျ စတင်မဲပေးလျက်ရှိ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် (၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိ‌ကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမ၌ ယမန်နေ့ နေလယ်(၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

မင်းဘူးခရိုင်အတွင်း၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း(၂)၌ ပါဝင်သည့် စလင်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အပြီးသတ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဂန့်ဂေါမြို့ပေါ်ရှိ မဲရုံများနှင့် မဲပေးစက်များထားရှိသည့်နေရာများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများ၊  MEVM မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကံမမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့်မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ယနေ့နံနက် ၁၁ နာရီက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွန်ပျုတာတက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် ၂၀၂၆ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင် ရေလောင်းပွဲတော်အခမ်းအနား တက်ရောက်

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးစေရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေရန်ရည်ရွယ်၍  ၂၀၂၅ခုနှစ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊ မကွေးတက္ကသိုလ်အရှေ့ဘက်၊ အောင်စေတနာရပ်ကွက်၌ စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်များနှင့် လေကာတန်းပင်များအား ရေလောင်းပြုစုခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မကွေးတက္ကသိုလ်အရှေ့ဘက် ၊အောင်စေတနာရပ်ကွက်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။     

တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ရုပ်ပုံပြ ပုံပြောခြင်းအစီအစဉ် ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူကလေးများအား ယနေ့နေ့နက်ပိုင်းက ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး