မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်းဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaginနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့မဈေးအတွင်းဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၅၄၇၉၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၅၄၇၉၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ ဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး စားဖိုဆောင်သီးနှံ ကျောက်ဖရုံသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ ကျောက်ဖရုံသီးရောင်းချခြင်းဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရ သည်။

မြို့သစ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးခရိုင် မြို့သစ်မြို့နယ်ဦးစီးဌာနရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ဇူလိုင်(၁၁)ရက်က မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းအရှေ့ကျေးရွာ မိုးကုတ်ဝိပဿနာစည်ပင်သာယာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ် ဦးစီးမှူးရုံးမှ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကိုးပင်ကျေးရွာအုပ်စု၊ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ) ရေးသားသည့် “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Clup) တို့ပူးပေါင်း၍  စာရေးဆရာကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသည့် “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၁၁ ရက်နေ့ အထိ အခြေခံပညာကျောင်းပေါင်း ၈ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၂၄ ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မင်းလှမြို့၌ တီဘီရောဂါနှင့်ရာသီတုပ်ကွေးအကြောင်း အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါနှင့်ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်က မင်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (မင်းလက်ဝါးခန်းခ)၌ ကျင်းပသည်။

ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ(၂၅၉)ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်များပေးအပ်ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး