သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲကျင်းပ

သရက် ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ် ဦးစီးမှူးရုံးမှ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကိုးပင်ကျေးရွာအုပ်စု၊ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရက် (၁၀၀) လမင်းစီမံချက်အရ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ သရက်ခရိုင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများတို့က အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၈၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်