ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ(၂၅၉)ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)