ဂန့်ဂေါ ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Clup) တို့ပူးပေါင်း၍ စာရေးဆရာကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသည့် “နှလုံးသားယဉ်ကျေးမှု စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့သည်။
ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Clup) ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် နှလုံးသားယဉ်ကျေးမှု စာစုများစာအုပ်မှ “အပြစ်တင်မစောမိပါစေနဲ့” “ကြိုးဖြတ်လိုက်တဲ့ လေတံခွန်” ရသစာစုများကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Clup) ဥက္ကဋ္ဌ ဦးအောင်စိုးမင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း