မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားတက်ရောက်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ဗိဿနိုးနယ်မြေ၊ ကနီကျေးရွာတွင် ကျင်းပသည့် သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ချီးမြှင့်သည်။