မင်းဘူး ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများ သီးနှံစိုက်ပျိုးချိန် အထောက်အကူပြုစေရန်အတွက် မျိုးနှင့်သွင်းအားစုများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွာပုလဲကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် မျိုးနှင့်သွင်းအားစုများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိ သူများက အသင်းသားတောင်သူပေါင်း ၂၂ ဦးအား ဝါသီးနှံစိုက်ဧက ၅၅ ဧကစာတွက် စုစုပေါင်း ငွေကျပ် ၁၂၉၈၀၀၀၀ နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို တောင်သူလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)