တောင်တွင်းကြီး ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) "လမင်း" စီမံချက်ဖြင့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို မြို့နယ်လဝကဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်၁၂ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၉ ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ ၈၀၂ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက လမင်းစီမံချက် နိုင်ငံသားစစ်ဆေးရေးကဒ်ပြားများနှင့် UIDကဒ်များ ထုတ်ပေးရခြင်းများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညဏ်သိန်း နှင့် ဦးလွှမ်းမိုးထက်၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကိုနေ့ချင်းပြီး အခမဲ့လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရပြီး ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည်း ဇူလိုင်လ ၃၁ ရက်မတိုင်ခင် အပြီးကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)