ချောက် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းကို မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(ချောက်)မှ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ယနေ့နံနက်(၉)နာရီမှ စတင်ကာ အ.ထ.က(၁)နှင့် အ.ထ.က(၄)ခန်းမတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေး ဟောပြောရာတွင် မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(ချောက်)မှ ရဲအုပ်ဝင်းလှိုင်က ကျောင်းသား/ကျောင်းသူများအား ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများလိုက်နာမှုမရှိ၍ ဖြစ်ပွားခဲ့သည့် ယာဥ်အန္တရာယ်/လမ်းအန္တရာယ်ဖြစ်စဥ်များ၊ ယာဥ်အန္တရာယ်/လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မော်တော်ကားမောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်စည်းကမ်းများ၊ ယာဉ်မောင်းသူများလိုက်နာရန် ဆောင်ရန်၊ရှောင်ရန်အချက်တို့အား ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ဆရာမ ကျောင်းသား/ကျောင်းသူ စုစုပေါင်း၂၀၀ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)