မကွေးမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မကွေး ဇူလှိုင် ၁၃

မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တူ‌ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသောငွေကြေးဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထိန်ထိန်သာဟိုတယ်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္ထုရောင်း၀ယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေ၀င်းက အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများက ငွေကြေးခဝါချမှုဆိုင်ရာအကြောင်းအရာများနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်းအရာများ အပေါ်ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပို့ချခြင်း၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများလုပ်ငန်းလိုင်စင်လျှောက်ထားမှုများနှင့် တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက မြေစာရင်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပို့ချကြသည်။ ဆက်လက်၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များက သိလိုသည်များကိုမေးမြန်းခဲ့ပြီး တက်ရောက်လာကြသော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကိုယ်စားကိုယ်စားလှယ်(၂)ဦးအား တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)