သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေးပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အင်းမမြို့၊ သီရိဝေဖြာရပ်ကွက်မှ ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူ(၄၀) ဦးအတွက် စပါးစိုက်ဧက(၂၄၅)ဧက၊ ငွေ (၃၆၇၅၀၀၀၀)ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။