ပြည်မြို့နယ်စိမ်းလန်းစို‌ပြည်ရေး တတိယအကြိမ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပြည်  ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် စိမ်းလန်းစိုပြည်ရေး တတိယအကြိမ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က  ပြည်-ပေါက်ခေါင်းကားလမ်းမှ ပြည်မြို့နယ် မုဌောကျေးရွာ လက်သည်းရေကန်ဓမ္မရိပ်သာအထိ လမ်းဘေးဝဲ/ယာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က တိုင်း​ဒေသကြီးသာသနာ​ရေးရုံးခွဲ(ပြည်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းနှင့် မုဌောကျေးရွာ ဒေသခံပြည်သူ(၂)ဦးထံ ပျိုးပင်များကို ပေးအပ်သည်။

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်သစ်တောဦးစီးဌာနမှဝန်ထမ်းများ စုစုပေါင်း(၂၅၀)ဦးဖြင့် တမာ (၉၄)ပင်၊ ပျဉ်းမပင် (၁၀၀)၊ ကျွန်းပင်(၈၀)၊ ယူကလစ်ပင်(၆၀)၊ မန်ဂျန်ရှား အပင် (၂၀၀)၊ ယမနေပင်(၆၀)၊ ပေါက်ပန်းဖြူ/နီ အပင် (၈၀)နှင့် ကြောင်ရှာပင်(၄၀)၊ စုစုပေါင်းပျိုးပင် (၇၁၄)ပင်ကို အဆိုပါလမ်းဘေး ဝဲ/ယာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)