သာယာဝတီမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

သာယာဝတီ ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်နှင့် ဦးစီးအရာရှိများပါဝင်သောအဖွဲ့သည် ဩဂုတ်လ(၂၃)ရက်နေ့နံနက်ပိုင်းတွင် သာယာဝတီမြို့နယ်၊ သစ်ရာကုန်းကျေးလက်ကျန်းမာရေးဌာနသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြသည်။

ထို့နောက် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး စာရင်းဇယားများ‌ထားရှိမှုနှင့် ဆေးနှင့်ဆေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုအ​တို့ကို စစ်ဆေးကြီးကြပ်ခဲ့ပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)