ရွှေတောင်မြို့နယ်တွင် အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

ရွှေတောင် သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အားကစားခန်းမ၌ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သရက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲတွင်တစ်ဦးချင်း(ဒုတိယ) ၊ (၃) ယောက်တွဲ ပထမ၊ (၉) ယောက်တွဲ ပထမနှင့် စုပေါင်းတံခွန်စိုက်ဆုများရရှိခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးမှဂုဏ်ပြုချီးမြှင့်ခြင်း၊ အားဖြည့်အချိုရည်တိုက်ကျွေးခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)