ကျောက်တံခါး ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ငလျင်ဘေးသင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျောက်တံခါးမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ပြုလုပ်သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ကျောက်တံခါးမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောက်တံခါးဒေသနှင့် ဖဒိုဒေသအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု(၁)စုလျှင် (၄)ကျပ်သိန်းနှုန်းဖြင့် အိမ်ထောင်စု(၁၄၇)စုကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို တောကျွဲအင်းဒေသတွင်လည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်,။
မြို့နယ်(ပြန်/ဆက်)