ရွှေတောင် သြဂုတ် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေတောင်မြို့၊ မင်းတဲကျွန်း(စံပြ)ကျေးရွာတွင် ဩဂုတ် ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြတို့မှ သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများအား ပေးအပ်ခဲ့၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၁၅)ဦးအား အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုး၊ ဂါဝန်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည်တို့ကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် (၂၅-၆-၂၀၂၅)ရက်နေ့မှ (၂၄-၇-၂၀၂၅)နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့သင်ကြားခဲ့ပြီး (၆-၈-၂၀၂၅)ရက်နေ့မှ (၂၀-၈-၂၀၂၅)ရက်နေ့အထိ မွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းဖိုးနှင့်ညီမျှသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)