ကျောက်တံခါးမြို့နယ်၌ ကျောင်းတွင်း၊ ကျောင်းပြင် စုပေါင်းသန့်ရှင်းရေး၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ရေး၊ ကျောင်းဝန်းအတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၇)နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် ကျောင်းတွင်း၊ ကျောင်းပြင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။