ဒိုက်ဦးမြို့နယ်အတွင်း သမဝါယမအသင်းမှ စပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု

ဒိုက်ဦး ဩဂုတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာရှိ ရွှေကျောင်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အသင်းသား တောင်သူ(၂၃)ဦး၏ လယ်မြေများတွင် အောင်နိုင်တိုးမျိုးစပါးဖြင့် စိုက်ပျိုးထားရှိသည့် သမဝါယမမိုးစပါးစီမံကိန်းစိုက်ခင်းသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် အသင်း အမှုဆောင်များ၊ အသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများ ဝင်ငွေတိုးပွားရေး၊ စိုက်ခင်းများကို ပိုးမွှားရောဂါ မကျရောက်စေရေး မြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျ ထည့်သွင်းနိုင်ရေးနှင့် စိုက်ပျိုးစဉ်ကာလအတွင်း လိုအပ်ချက်များကို ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်ရေး မှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)