ဧရာဝတီတိုင်းဒေသကြီး

ငါးသိုင်းချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကိုအခြေခံပညာမူလတန်း (ရေတံခွန်) ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ များမိတ်ဆက် တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံပွဲ ကျင်းပပြုခဲ့သည်။

ဖျာပုံမြို့၌ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သြဂုတ်လ (၁၁) ရက် နံနက် (၉) နာရီအချိန်က ကိုးအိမ်တန်း ကျေးရွာအုပ်စု၊နောင်တော်ကြီးကျေးရွာတောင်သူ ဦး‌ဇော်လှိုင်ထွန်း၏ ကွင်းအမှတ်(၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁) ၊ လယ်မြေ (၅၀) ဧက၌ ကျင်းပပြုလုပ်သည်။

ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ဖလား) အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၂၀၂၅ ခုနှစ်၊မိုးရာသီ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ဖလား) အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားကွင်း၌ ကျင်းပကြသည်။

ဓနုဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အုပ်ချုပ်ရေးမှူးဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အကျော်ကျေးရွာ၊ အကျော်ချောင်းအတွင်း၌ ကျင်းပသည်။

ဟင်္သာတမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဩဂုတ်လ ၉ ရက် နေ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသတင်းပတ် စာစီစာကုံး၊ ကာတွန်း၊ပန်းချီ ၊ပိုစတာနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသတင်းပတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အ.လ.က လက်ပံရပ်၌ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေးဒရဲမြို့နယ်၌ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်းစပါး (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား  ကြည့်ရှုအားပေး

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်း (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား ယနေ့နေ့လယ် (၁၂) နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး စျေးကွက်ဝယ်လိုအားရှိပြီး ဆန်အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဒေသမျိုးရင်းဖြစ်သည့် ပေါ်ဆန်းစပါးမျိုးစေ့ထုတ်ဧကများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်၍ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး