မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသတင်းပတ် စာစီစာကုံး၊ ကာတွန်း၊ပန်းချီ ၊ပိုစတာနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

မြန်အောင် သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသတင်းပတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အ.လ.က လက်ပံရပ်၌ကျင်းပပြုလုပ်သည်။

အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု(ဒုတိယပတ်)အဖြစ် ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များအဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်တွင် မြန်အောင်မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့်ကဗျာပြိုင်ပွဲတွင်  ကျောင်းသား/ကျောင်းသူ (၁၀၈) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ မြို့နယ်ပညာရေးမှူး(ယာယီ)ဦးဝင်းချိုဦးနှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ ယှဥ်ပြိုင်ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဝင်းဗိုလ် (ပြန်/ဆက်)