ဖျာပုံမြို့၌ မိုးစပါးရေတော်မိုးတော် ထွန်တုံးပိတ်ပွဲကျင်းပ

ဖျာပုံ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သြဂုတ်လ (၁၁) ရက် နံနက် (၉) နာရီအချိန်က ကိုးအိမ်တန်း ကျေးရွာအုပ်စု၊နောင်တော်ကြီးကျေးရွာတောင်သူ ဦး‌ဇော်လှိုင်ထွန်း၏ ကွင်းအမှတ်(၄၉၉-A)၊ ဦးပိုင်အမှတ် (၁/၁) ၊ လယ်မြေ (၅၀) ဧက၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၅-၂၀၂၆ မိုးစပါးထွန်ထုံးပိတ်ပွဲကျင်းပရာသို့ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်နှင့် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့်ဝန်ထမ်းများ တက်ရောက်ကြပြီး နောင်တော်ကြီးကျေးရွာ တောင်သူဦး‌ဇော်လှိုင်ထွန်း၏ ကွင်းအမှတ် (၄၉၉A) ၊ ဦးပိုင်အမှတ်(၁/၁)၊ လယ်မြေ (၅၀) ဧက၌၂၀၂၅- ၂၀၂၆ မိုးစပါး ရေတော်မိုးတော် ထွန်ထုံးပိတ်စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် မိုးစပါး ရေတော်မိုးတော် ထွန်ထုံးပိတ်စိုက်ပျိုးကြသည့် ကောက်စိုက်အဖွဲ့များအား တာဝန်ရှိသူများက အချိုရေနှင့်မုန့်များပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်

ခရိုင် (ပြန်/ဆက်)