ဟင်္သာတ ဩဂုတ်လ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဩဂုတ်လ ၉ ရက် နေ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော် နှင့်ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခြင်းနှင့် အားကစားသမားများအား ရင်းနှီးနွေးထွေးစွာလိုက်လံနှုတ်ဆက် ခြင်းများဆောင်ရွက်ခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်က ထပ်ဆင့်အမှာစကားပြောကြားခဲ့ကာ အားကစားသမားများက အားကစားသစ္စာအဓိဠန်ရွတ်ဆိုခြင်းနှင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူလေးများမှ ပန်းပွားအကဖြင့် သရုပ်ပြဖျော်ဖြေခြင်း၊ ဟင်္သာတခရိုင်ကိုယ်စားပြု အမျိုးသမီးအေရိုးဗစ်အသင်းက သရုပ်ပြဖျော်ဖြေခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲအား ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ၉.၈.၂၀၂၅ ရက်နေ့မှ ၂၂.၈.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)