သာပေါင်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၂၀၂၅ ခုနှစ်၊မိုးရာသီ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ဖလား) အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားကွင်း၌ ကျင်းပကြသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ၂၀၂၅ ခုနှစ်၊မိုးရာသီ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ဖလား) အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အမှာစကားပြောကြားပြီးနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲအားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆိုပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဦးမင်းဧရာထိုက်အား စစ်ကြောင်းပုံစံဖြင့် ချီတတ်အလေးပြုခဲ့ကြသည်။
ထို့နောက် ဒိုင်လူကြီးများဦးဆောင်၍ ယှဉ်ပြိုင်ကစားပြမည့် အမှတ်(၁)ရပ်ကွက် ဘောလုံးအသင်းနှင့် အမှတ် (၃) ရပ်ကွက် ဘောလုံးအသင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က လိုက်လံအားပေးနှုတ်ဆက်စကားပြောကြားကာ ပြိုင်ပွဲဝင်အသင်း (၂) သင်းတို့ စတင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)