ဧရာဝတီတိုင်းဒေသကြီး

ဖျာပုံမြို့၌ Rice Export Zone ဆောင်ရွက်မည့်မိုးစပါးစိုက် တောင်သူများအားစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့်စာချုပ်ချုပ်ဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်းရှိ မိုးစပါးစိုက်တောင်သူများအား စပါးအထွက်နှုန်းနှင့် အရည်အသွေးကောင်းစပါးမျိုးများ ရရှိစေရန်ရည်ရွယ်၍ Rice Export Zone ဆောင်ရွက်သည့် ကုမ္ပဏီ (၆)ခုနှင့် Export Zone ဆောင်ရွက်မည့်  (၂၃၃၅၂)ဧကတွင် ပါဝင်သော တောင်သူများအား ပထမအကြိမ် စိုက်ပျိုးစရိတ်ချေးငွေ (၁)သိန်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ် ဆိုခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ပြုလုပ်ကြသည်။

မြောင်းမြမြို့၌ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၃) ရက်နေ့နံနက် (၈း၀၀) နာရီအချိန်က မြို့မ အားကစားကွင်း၊ နောင်ရိုးခန်းမ (၂) ၌ ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူများအား အခြေခံ ားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊  ဘဲဥများနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမနှင့် (၁၁) လမ်းထောင့်၌ ဆောင်ရွက်ခဲ့သည်။

ငပုတောမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းနှင့်အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်တွင် ဇူလိုင် (၁၂) ရက်နေ့တွင် မိုးသည်းထန်းစွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဘိုကလေးမြို့နယ်ရှိ နေရာအသီးသီး၊ ရပ်ကွက်အသီးသီးတို့တွင် သစ်ပင်များလဲကျ၍ လူသွားလမ်းများ ပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ဇလွန်မြို့နယ်၌ အသက် (၂၂) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် ရပ်ကွက်/တိုက်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြိုနယ် (Communiry Centre) ခန်းမ၌  (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်း စာအပြင်စာပေဗဟုသုတ ပြည့်စုံနိုင်စေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်၌ စားအုန်းဆီများသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချရေး ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများ ဝယ်ယူရရှိမှု ရှိ/မရှိကို ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ငွေဆောင်မြို့၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဆင်မကျေးရွာအုပ်စု၊ ညောင်အုပ်ကျေးရွာရှိ အဘယာရာမကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်း တောင်သူများအား မိုးစပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး