မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မြို့နယ် မီးသတ်ဦးစီးဌာနသည် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်၊ ခရိုင်မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများနှင့်အညီ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြုကန်အတွင်း ကျင်းပပြုလုပ်သော (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တက်ရောက်လာကြသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။