မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ ဖြေဆို

မဟာအောင်မြေ မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို Grade-5 ကျောင်းသား/ ကျောင်းသူ စာရင်းရှိ ၂၈၀၀ဦး ဖြေဆို ၂၇၀၆ဦး ပျက်ကွက် ၉၄ဦး၊ Grade-9 ကျောင်းသား/ ကျောင်းသူ စာရင်းရှိ ၁၅၉၅ဦး ဖြေဆို ၁၅၄၇ ဦး ပျက်ကွက် ၄၈ ဦးအား သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို နေကြကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပတ်ဝန်းကျင်၌ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း