ချမ်းမြသာစည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းမြသာစည် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မြို့နယ် မီးသတ်ဦးစီးဌာနသည် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်၊ ခရိုင်မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများနှင့်အညီ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြုကန်အတွင်း ကျင်းပပြုလုပ်သော (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တက်ရောက်လာကြသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ‌ပေးခဲ့ကြောင်း  သိရှိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်း စာစောင်များမှာ အများပြည်သူအတွက် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေးလက်ကမ်းစာစောင်များနှင့် LPG Gas မီးဘေးသတိမူရေး လက်ကမ်းစာစောင်များဖြစ်ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို ကိုယ်တိုင်အနီးကပ်ကြီးကြပ်မှုဖြင့် (၇)မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ချမ်းမြေ့