အကြိမ်(၃၀)မြောက်၊ ပရိယတ္တိသာသနနုဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရမည်းသင်း မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သြဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်ကြီးမှူး ကျင်းပသည့်အကြိမ်(၃၀)မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနနုဂဟစာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့၊ သီလဝခန်းမ၌ကျင်းပခဲ့သည်။

ဆုနှင်းသဘင်အခမ်းအနားသို့ သြဝါဒါစရိယဆရာတော်ကြီးများဖြစ်သည့် သြဝါဒါ ဆရာတော်ကြီး(၁၁)ပါး၊ ရမည်းသင်းမြို့နယ် သံဃနာယကဒုဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇောတိက၊ အကျိုးတော် ဆောင်ဆရာတော်များ၊ စုစုပေါင်း ၃၅ ပါးနှင့်စာအောင်သံဃာ (၂၇၃)ပါး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမင်းဟန်၊ ခရိုင် သာသနာရေးမှူး ဦးသန်းညွန့်နှင့်ဆွမ်းအလှုရှင်များစုစုပေါင်း(၄၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီးအခမ်းအနားသို့ တက်ရောက် လာကြသည့်အလှူရှင်များမှ ရန်အောင်မြင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော်ဘဒ္ဒန္ထသာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးအလှူရှင်များ ကိုယ်စား ဆရာကြီး ဦးဝင်းရွှေမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း လျှောက်တင်ခဲ့ပြီး (၃၀)ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ရဟန်း/သံဃာပထမကြီးတန်း(၁၇)ပါး၊ ပထမလတ်တန်း(၂၄)ပါး၊ ပထမငယ်တန်း(၆၃)ပါး၊ အခြေပြု မူလတန်း(၁၁၄)ပါး၊ ပထမအဆင့်(၁၃၂)ပါး၊ ဒုတိယအဆင့်(၈၆)ပါး၊ စုစုပေါင်း (၄၃၆)ပါး ဖြေဆိုခဲ့ပြီး စာအောင်သံဃာများမှာ ပထမကြီးတန်းတွင် (၁၃)ပါး၊ ပထမလတ်တန်တွင် (၁၃)ပါး၊ ပထမငယ်တန်းတွင် (၃၀)ပါး၊ အခြေပြုမူလတန်းတွင် ၆၈ပါး၊ ဒုတိယအဆင့်တန်းတွင် (၅၃)ပါး၊ ပထမအဆင့်တန်းတွင်(၉၆)ပါး၊ စုစုပေါင်း(၂၇၃)ပါးတို့ကို စာအောင်လက်မှတ်နှင့် ဆုချီးမြှင့် ဆက်ကပ်လှူဒါန်းခဲ့ရာ ပထမကြီးတန်းအောင်သံဃာတစ်ပါးလျှင် (၆၀၀၀၀)ကျပ်၊ ပထမလတ်တန်းတစ်ပါး(၅၅၀၀၀)ကျပ်၊ ပထမငယ်တန်းတစ်ပါး (၅၀၀၀၀) ကျပ်၊ အခြေပြုမူလတန်းတစ်ပါး (၄၅၀၀၀)ကျပ်၊ ဒုတိယအဆင့်တန်းတစ်ပါး (၄၀၀၀၀)ကျပ်၊ ပထမအဆင့်တန်းတစ်ပါး (၃၅၀၀၀)ကျပ်ဖြင့် စုစုပေါင်း ဆုချီးမြှင့်ငွေ (၁၁၅၃၅၀၀၀)သိန်းကျပ်လှူဒါန်းပြီး ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲတွင် ထာဝရဆွမ်းအလှူရှင်များအား ရန်အောင်မင်းကျောင်းဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြင့်ကာ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဝန်ဆောင်ရန်အောင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္ဒနန္ဒောဘာသထံမှ ရေစက်ချအနုမောဒန တရားတော်နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတ္ထုသုံးကြိမ် ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)