မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်၌ မြေပြင်လူဦးရေနှင့်တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် ကျောင်းများသို့ မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တက္ကသိုလ်ဝင်တန်းစာစစ်ဌာန ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေခက်ခဲမှုရှိနေသည့် ဘုန်းတော်ကြီးကျောင်းအား သောက်သုံးရေ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းသို့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်က သောက်သုံးရေ ဂါလန် ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စံချိန်စံညွှန်းနှင့်အညီ အကောက်အထည်ဖော်ဆောင်ထားသည့် အင်ရောင်းဆေးဝါးစက်ရုံနှင့် Green Power Energy စက်ရုံးများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် စက်ရုံ/ အလုပ်ရုံများအား ကွင်းဆင်းပြီး သန့်ရှင်းသပ်ရပ်၊ စိမ်းလန်းစိုပည်၍ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်ရုံ/ အလုပ်ရုံများမှ သတ်မှတ်ထားသော စံချိန်စံညွှန်း၊ အညွှန်းကိန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်အဆင့်ကွင်းဆင်းစစ်ဆေး‌ရေးနှင့် ဆုရွေးချယ်ရေးအဖွဲ့သည် အင်ရောင်းဆေးဝါးစက်ရုံနှင့် Green Power Energy စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါအသင်းရုံး(ခွဲ)၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တောင်ပိုင်း ပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းရန်ကုန်(ဗဟို)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းစာရင်းစိစစ်မှုများကို ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်မီးကျေးရွာ၊ ဘိုတက်ကုန်းကျေးရွာတို့၌ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များအသုံးပြု၍ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် လေအိတ်ရထား မန္တလေး-နေပြည်တော်-မန္တလေး ခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲသည့် အစီအစဉ် စတင်ခြင်းအခမ်းအနားသို့ တက်ရောက်

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ ပြေးဆွဲသည့် အမှတ်(၇) အဆန်၊ အမှတ်(၈)အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် အမှတ်(၂၇) အဆန်၊ အမှတ်(၂၈)အစုန် လေအိတ်ရထား မန္တလေး - နေပြည်တော်- မန္တလေးခရီးစဉ်တို့အား ချိတ်ဆက်ပြေးဆွဲသည့်အစီအစဉ် စတင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးဘူတာကြီး အမှတ်(၁)စင်္ကြံတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အထွေထွေမန်‌နေဂျာ(အင်ဂျင်နီယာ/စီမံ) ဦးတင်မာင်သန်း၊ အထွေထွေမန်‌နေဂျာ ဦးစိုင်းသော်လင်း(အထက်မြန်မာပြည်)၊ ဦးကျော်မျိုးထွန်း၊ တိုင်းအမှတ်(၃)တိုင်းအရာရှိများ၊ ရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association) ရုံး(ခွဲ)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှအသင်း (Myanmar Arts & Culture Association) ရုံး (ခွဲ) ဖွင့်ပွဲအခမ်းအနားကို ဖေဖာ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါအသင်းရုံး(ခွဲ)၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တောင်ပိုင်းပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းရန်ကုန် (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းသူ၊ အသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ကျောက်ဆည်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင်အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာ တော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီက သီရိသာသနာ့ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။       

ကျောက်ဆည်တက္ကသိုလ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် ဂဏန်း (၁၀)လုံးပါ Unique  ID များ ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဉာဏ်စိုးနှင့်ဝန်ထမ်းများ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့်ဂဏန်း (၁၀)လုံးပါ Unique  ID များ ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကျောက်ဆည်တက္ကသိုလ်၌  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး