ကျောက်ဆည် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သင်တွဲ၊ ငပြောင်၊ ဇီးတော၊ သင်းဒီး၊ ထုံးကြီး၊ စမာ ဆည်ရေပေးမြောင်းများဖြင့် မိုးကြိုပဲတီစိမ်း(၃၄၆၉)ဧက လျာထားပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာ၌ ဇော်ဂျီမြစ် ရေသောက်စနစ်၊ သင်းတွဲဆည် သင်းတွဲမြောင်းဖြင့် (၂၀၁၁)ဧက၊ ငပြောင်ဆည် ငပြောင်မြောင်းရေဖြင့် (၂၈၀)ဧက၊ ဇီးတောဆည် တမုတ်မြောင်းရေဖြင့်(၁၁၀)ဧက၊ ကင်းတားဆည် သင်းဒီးမြောင်းရေဖြင့် (၃၀)ဧက၊ ထုံးကြီးမြောင်းရေဖြင့် (၃၄၁)ဧက၊ စမာမြောင်းရေဖြင့် (၆၉၇)ဧက စုစုပေါင်း (၃၄၆၉)ဧက လျာထား လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်ရေအသုံးချမှုနှင့်စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး စိုက်ပျိုးဧကများ လျာထားချက်ပြည့်မီကျော်လွန်ရေး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်တွေ့ဆုံပြီး ဒေသနှင့်ကိုက်ညီသည့်မျိုစေ့များ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)