မြစ်သားမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲကို စတင်ဖြေဆို

မြစ်သား မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် အစိုးရစစ်စာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ Grade-5 ကျောင်း သား၊ ကျောင်းသူများ (၃၀၈၃) ဦး၊ Grade-9 ကျောင်းသား၊ ကျောင်းသူများ (၁၇၅၇) ဦး စုစုပေါင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၈၄၀) ဦးတို့ အစိုးရစစ်စာမေးပွဲကို ဖြေဆိုကြကြောင်း သိရသည်။

အစိုးရစစ်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကူညီဆောင်ရွက်ပေးခဲ့ကြ​​ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)