ကျောက်ဆည်မြို့၌ ခရိုင်အဆင့်အခြေခံပညာအထက်တန်းသင် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ နံနက်(၉)နာရီက ခရိုင်အဆင့် အခြေခံပညာအထက်တန်းသင် ဆရာ/ဆရာမမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။