ကျောက်ဆည် မတ်၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာ Future Kids မူလတန်းကြိုကျောင်း၏ မူကြိုကျောင်းသားငယ်၊သမီးငယ်များ ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့်ပဒေသာကပွဲအခမ်းအနားကို ယမန်နေ့ နံနက်နံနက်(၉)နာရီခွဲက အဆိုပါမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို မူကြိုသားငယ်၊ သမီးငယ်များက “အလှကမ္ဘာဝယ်” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းတည်ထောင်အုပ်ချုပ်သူ ဒေါ်ခိုင်ဇာဝင်းက ရင်သွေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် မိဘအုပ်ထိန်းသူများအနေဖြင့် စိတ်လုံခြုံမှုကောင်းမွန်သော ပတ်ဝန်းကျင်များ ဖန်တီးပေးဖို့လိုကြောင်းနှင့် ကလေးငယ်များ၏ ရင်တွင်းပြောစကားများကို အလေးထားနားထောင်ပေးပြီး လိုအပ်မှုများ ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းတည်ထောင်အုပ်ချုပ်သူ ဒေါ်ခိုင်ဇာဝင်းနှင့်ဆရာ/ဆရာများ၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူရင်သွေးငယ်များအား ကျောင်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းနှင့် အခမ်းအနားသို့တက်ရောက်လာသူများအားရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူလေးများက ဂျင်းဘောင်ဘီ၊ ပျိုလေးတို့ရွာ၊ I’m the Best သီချင်းများ၊ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)