မန္တလေးတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ‌နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင် သစ်တိုဆိပ်ကျေးရွာ၊ တောင်သူဦးမျိုးမင်းဇင်၏ ကွင်းအမှတ် (၁၁၉၁)၊ ဦးပိုင်အမှတ် (N/ ၇) လယ်ဧကပေါ်တွင် စိုက်ပျိုးထား‌သော စိုက်ကွက် (၁၀) ဧကတွင်‌ နယူးဧရာ -11 စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ကြောင်း ရသည်။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဗိမာန်တော်ကြီး၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင်သံဃာ တော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်ဘုရားကြီးဝင်းအတွင်းရှိ ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနား ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Diploma in Education and Pedagogy – Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ပြင်ဦးလွင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေး ဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ခရိုင်ပညာ‌ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။ 

အမရပူရမြို့တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဘာသာရပ်များ စွမ်းရည်မြှင့်သင်တန်းများ ပို့ချသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းတို့တွင် သင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများကို ယနေ့နံနက် ၉ နာရီက စတင်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၅ပညာသင်နှစ်အခြေခံပညာမူလတန်းနှင့် အလယ်တန်း (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းဖွင့်လှစ်ပို့ချသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် သင်ကြားကြရမည့် ဆရာ/ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊  အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်လာစေရန်၊ အခြေခံပညာအလယ်တန်းအဆင့် ဆရာဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုကျွမ်းကျင်မှုရရှိ‌စေရန် စသည့်တို့ကို ရည်ရွယ်၍ အခြေခံပညာ မူလတန်းနှင့်အလယ်တန်း (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(စဉ့်ကိုင်)၌ ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိ‌ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အ‌ခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းနှင့် စာပေရေးသားနည်းသင်တန်းများ ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဥာဏ်‌သွေးများ ထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မား လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် စာပေရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ‌နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth  Club အသင်းတို့   ပူးပေါင်းကျင်းပသောနှစ်(၈၀)ပြည့် တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skills သင်တန်း ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) Soft Skills သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့‌ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စာရေးဆရာ ကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

မိတ္ထီလာမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်စည်ကားစွာကျင်းပမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော်ကိုသင်္ကြန်ယိမ်းအကများဖျော်ဖြေမှုများ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆရာ၊ဆရာမများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာအလယ် တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲကို သင်တန်းနည်းပြများနှင့်အတူ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်စေရန်နှင့်    သင်တန်းနည်းပြများ ဦးဆောင် ၍ သင်ကြားရေးတွင် ကျောင်းသားဗဟိုပြုနည်းဖြင့် ပါဝင်ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူ ရေးအထက်တန်း ကျောင်းကျန်စစ်သားခန်းမ၌ ဆွေးနွေးပွဲ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး