မန္တလေးတိုင်းဒေသကြီး

နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့ ထီးလိုမင်းလိုဘုရား ဖူးမြော်ကြည်ညို၊ ယွန်းပညာကောလိပ်(ပုဂံ)၌ ယွန်းလုပ်ငန်းပြုလုပ်ပုံအဆင့်ဆင့်အား လေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားဖူးမြော်ပြီး ယွန်းပညာကောလိပ်(ပုဂံ)သို့ သွားရောက်လေ့လာသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် အမျိုးသမီးဘောလုံးအကယ်ဒမီ အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းက မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တွင် အမျိုးသမီးဘောလုံးအကယ်ဒမီ ဖွင့်လှစ်နိုင်ရေးအတွက် အာစီရ် ၃ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် 

နှစ် (၈၀) ပြည့် တပ်မတော်နေ့အခမ်းအနားကို မန္တလေးမြို့တွင် ခမ်းနားစွာ ကြိုဆိုဂုဏ်ပြုကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၂၂) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြော

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှဦးဆောင်၍ ပြည်သူများအနေဖြင့် ခရမ်းလွန်ရောင်ခြည်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ (၂၂) ရက် နံနက် (၁၀) နာရီက ခင်ကြီးယကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၅   ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့(International Day of Forests)  အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းရှိ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အဖွဲ့ဝင်များအား အလုပ်သမားရိက္ခာ ၃ မျိုး ပေးအပ်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမရပူရမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ အဖွဲ့ဝင်များအား အလုပ်သမားရိက္ခာ ၃ မျိုး ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (Community Centre) ခန်းမ၌ ဆပ်ပြာဆီလုပ်နည်းသင်တန်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က ဆပ်ပြာဆီလုပ်နည်း သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန် နေ့ ညနေ (၃)နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မူလတန်းကြိုကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူး ရုံးကြီးကြပ်မှုအောက်ရှိ မြစ်သားမူလတန်းကြိုကျောင်းနှင့် မိဘဆရာအသင်းမှ ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး