မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြို အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်သား မတ်  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth   Club အသင်းတို့   ပူးပေါင်းကျင်းပသောနှစ်(၈၀)ပြည့် တပ်မတော်နေ့အကြို အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်ကနှစ်(၈၀)ပြည့်တပ်မတော်နေ့အကြိုအထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍  လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည် ဉာဏ်သွေးများတိုးတက်စေရန်၊ စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး YouthClub အသင်း အတွင်းရေးမှူး ဒိုင်လူ ကြီး ဆရာကြီးဦးဇော်သိန်းက စစ်တုရင်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့သည်။ ထို့နောက်မြို့ပေါ် (၆ ) ရပ်ကွက်မှ  စစ်တုရင်ဝါသနာ ရှင်ပြိုင်ပွဲဝင် (၁၄)ဦးတို့သည် မဲနိုက်စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် စစ်တုရင်ပြိုင်ပွဲ၌ ပထမဆု၊ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိသူများအား မြို့နယ်စီမံအုပ်ချုရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီမြှင့်ခဲ့ကြသည်။

စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့   မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဘိုဘိုအောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဇော်မင်းထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ ကြီးကြပ်ရေးဒိုင်များနှင့်ပြိုင် ပွဲဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။                                                                  

ဝါဝါမြင့်(မြစ်သား)