ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

ဝမ်းတွင်း မတ် ၂၄

လူငယ်လူရွယ်များနွေရာသီကျောင်းပိတ်ရက် အားလပ်သော အချိန်များတွင် ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ဗလငါးတန် ဖွံဖြိုးတိုးတက်စေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များအတွက် အကျိုးရှိစေမည့်သင်တန်းများဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာ ဦးတင်လှိုင်က အခြေခံအင်္ဂလိပ်စာ Grammar ၏ အသုံးဝင်ပုံ အကျိုးကျေးဇူးများကို ရှင်းလင်းခဲ့ကာ လူငယ်လူရွယ်များအတွက် အခြေခံအင်္ဂလိပ်စာ သိကောင်းစရာများကို ပို့ချပေးခဲ့သည်။

အဆိုပါ  အခြေခံအင်္ဂလိပ်စာသင်တန်းကို နေ့စဥ် နံနက်(၉)နာရီမှ (၁၂)နာရီထိ သင်ကြားပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ လူငယ်လူရွယ် (၂၀)ဦးမှ တက်ရောက်သင်ယူလျက်ရှိကာ သင်တန်းကာလအနေဖြင့် (၁၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)